မြန်မာ။ ။ကျန်းမာရေး စောင့်ရှောက်မှုပေးရန် စနစ်တကျ ငြင်းဆန်ခြင်း ကြောင့် ထောင်တွင်းအကျဥ်းသားသေဆုံးမှု ကြောက်မက်ဖွယ် တိုးပွားလာ

လူ့အခွင့်အရေးစံနှုန်းများကို လေးစားခြင်း၊ကာကွယ်ခြင်းများ ပိုမိုဆိုးရွားယိုယွင်းလာသည့် ပြီးခဲ့သည့် (၄)နှစ်ခွဲကာလအတွင်း ထိန်းသိမ်းခံအကျဥ်းသားများ သေဆုံးမှုနှုန်းပိုမိုတိုးပွားလာသည့် အကြောင်းအရာသည် ယခုထုတ်ပြန်ချက်ကို လက်မှတ်ထိုးထားသည့် အဖွဲ့အစည်းများအတွက် ထိတ်လန့်ဖွယ် သတိပေးချက်တခုဖြစ်သည်။ ၂၀၂၁ခုနှစ် စစ်အာဏာသိမ်းချိန်မှစတင်၍ မြန်မာစစ်တပ်၏ အကျဥ်းထောင်နှင့်ထိန်းသိမ်းရေးစခန်းများအတွင်း ကွယ်လွန်သေဆုံးခဲ့သူ (၁၈၀၀) ကျော်ရှိသည်။ ၄င်းတို့အနက်မှ အများစုသည် ကျန်းမာရေးစောင့်ရှောက်မှုများကို စနစ်တကျငြင်းဆိုခံရခြင်းသော်လည်းကောင်း၊ စစ်ကြောရေးကာလအတွင်း မတရားညှင်းပန်းနှိပ်စက် ခံရခြင်းမှ ရရှိသည့်ဒဏ်ရာများကို မကုသပဲထားခြင်းမှသော်လည်းကောင်း တနည်းမဟုတ်တနည်းဖြင့် အသက်ဆုံးရှုံးခဲ့ကြရသည်။ မြန်မာစစ်တပ်အနေဖြင့် ဖမ်းဆီးထိန်းသိမ်းထားသူများကို ပြင်ပမှအခြားပြည်သူများနှင့် တန်းတူ ကျန်းမာရေးစောင့်ရှောက်ကုသပိုင်ခွင့်ရနိုင်ရန် လမ်းဖွင့်ပေးထားရန်လိုအပ်ပြီး လုံလောက်သည့်ကျန်းမာရေးစောင့်ရှောက်မှု ကို ခွဲခြားဆက်ဆံခြင်းမရှိပဲ ချက်ချင်းပေးရန်နှင့် အကျဥ်းသားများအား နှိပ်စက်မှုများနှင့် အခြားဆိုးရွားသည့် လုပ်ထုံးလုပ်နည်းများကို ရပ်တန့်ရန်တောင်းဆိုသည်။

Choose a language to view report

Download PDF